Friday, June 22, 2012

အိမ်ပြန်ချိန်




ညနေစောင်းပြီ
အိပ်တန်းဝင်ငှက်တွေ တောင်ပံခတ်တယ်
ကျွန်တော်…ပြန်လာချင်ပြီ…မေမေ။

ဂျွန်မိုး
6:53 PM
22062012 (FRI)

5 comments:

စံပယ်ချို said...

အိမ်ကိုလွမ်းပြီးတမ်းတနေတဲ့ အမူအရာလေးပေါ့နော်

Angelhlaing(May everybody be happy and healthy! said...

အိမ်ပြန်ချင်သူတွေမို့ ခံစားချက်တွေ တူနေပြီ ညလေးရေ...:(

လွင်ပြင်လှိုင်းငယ် said...

အိမ်ပြန်ချင်တယ်တဲ့လား

မြသွေးနီ said...

အိပ်တန်းတက်မယ့် ငှက်ကလေးတွေအတွက် အမိအိမ်ကြီးက ရင်ဖွင့်ကြိုနေပြီးသားပါ ဂျွန်မိုးရေ...။

မောင်သံသရာ said...

တောင်ပံတွေကတော့ ပျံနေတဲ့ အချိန်တိုင်းတောင်ပံခတ်ကြစမြဲပါ။
တောင်ပံခတ်တဲ့အချိန်တွေအများကြီးရှိပေမယ့်
စာရေးသူက ညနေစောင်းအိပ်တန်းပြန် ငှက်တွေရဲ့
တောင်ပံခတ်ပုံနှင့်ဥပမာထားပြီး အိပ်ပြန်လာချင်နေပုံရဲ့
အင်အားလှိုင်းတွေကြီးမားနေမှုကို စာလေးနှစ်ကြောင်း
နဲ့ပုံဖော်လိုက်တာဟာ အတိသယဝုတ္တိလို့ပြောရမလား
သမာဓိဂုဏ်မြောက်တယ်လို့ပြောရမလားဗျာ -------။